1 / 1

ဆာရာ

SaRa Tablet

ထုတ်လုပ်သည့် ကုမ္ပဏီ

THAK NAKORIN PATANA CO.,LTD.

Thailand

ပမာဏ

ကဒ်

ကျသင့်ငွေ

၆၀၀ ကျပ်

ဆေးအကြောင်း အကျဉ်းချုပ်

plus-icon

ခေါင်းကိုက်ဖျားနာပျောက်ဆေး SaRa Tablet ဆေး (၁) လုံးတွင် Paracetamol-500 mg ပါဝင်ပါသည်။

ကောင်းကျိုးများ

plus-icon

ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်းကြောင့်နာကျင်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း၊ ရာသီလာနေစဉ်နာကျင်ကိုက်ခဲခြင်းများ၊ ကြွက်သားများကိုက်ခဲနာကျင်ခြင်း၊ ကျောနာခြင်း၊ အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်းစသည့်သာမန်နာကျင်ကိုက်ခဲခြင်းများတွင်အသုံးပြုနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

plus-icon

အောက်ဖော်ပြပါလက္ခဏာများမှတစ်ခုခုခံစားရပါကဆေးသောက်ခြင်းကိုရပ်ပါ မျက်နှာတစ်ဝိုက်၊ မျက်ခွံနှင့်နှုတ်ခမ်းရောင်ရမ်းခြင်း၊ အနီအဖုအဖိမ့်များဖြစ်ခြင်း။ ရုတ်တရက်အားအင်ချိနဲ့ခြင်း၊ ရင်ဘတ်ထဲတွင်တင်းကျပ်သလိုခံစားရခြင်း၊ အသက်ရှူရခက်နေခြင်း။ အရည်ကြည်ဖုံများဖြစ်ခြင်း၊ အရေခွံလန်ခြင်း၊ ဓာတ်မတ ည့်၍ အနီကွက်များဖြစ်ခြင်း။ အညိုအကွက်များဖြစ်ခြင်း၊ သွေးထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အအေးမိခြင်းကဲ့သို့သောကူးစက်ရောဂါများပုံမှန်ထက်ဖြစ်လွယ်ခြင်း။ ဗိုက်အောင့်ဗိုက်နာခြင်း၊ ပျို့အန်ချင်စိတ်များလာခြင်း၊ လေပွဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း၊ အသားရေနှင့်မျက်လုံးဝါလာခြင်း၊ ဆီးအရောင်ရင့်ခြင်း။။ ဆရာဝန်နှင့်ချက်ချင်းပြသရန်လိုအပ်ပါသည်။

ဆရာဝန် အကြုံပြုချက်များ

plus-icon

မကြာမှီ တင်ပေးထားပါမယ်ဗျ။

သုံးစွဲနည်း

plus-icon

(၃၄) ကီလိုဂရမ်အောက်- ဆရာဝန်သို့မဟုတ်ဆေးဝါးပညာရှင်၏ညွှန်ကြားချက်ကိုရယူပါ။ (၃၄)-(၅ ဝ) ကီလိုဂရမ် - ဆေး (၁) လုံးကို (၄) နာရီခြားပြီးလိုအပ်သလိုသောက်သုံးနိုင်ပါသည်။ (၅ ဝ)-(၆၇) ကီလိုဂရမ် - ဆေး (၁) လုံးနှင့်တစ်ခြမ်းကို (၄) နာရီခြားပြီးလိုအပ်သလိုသောက်သုံးနိုင်ပါသည်။ (၂၄) နာရီတစ်ရက်အတွင်း (၅) ကြိမ်ထက်ပိုမသောက်သင့်ပါ။ (၆၇) ကီလိုဂရမ်အထက် - ဆေး (၂) လုံးကို (၄) နာရီခြားပြီးလိုအပ်သလိုသောက်သုံးနိုင်ပါသည်။ (၂၄) နာရီအတွင်းအများဆုံး (၄) ကြိမ်သာသောက်သင့်ပါသည်။

ဓာတ်မတည့်မှု သတိပေးချက်များ

plus-icon

အောက်ပါအခြေအနေများခံစားနေရပါကဆေးမသောက်မီဆရာဝန် (သို့) ဆေးဝါးပညာရှင်ဖြင့် ဦး စွာတိုင်ပင်သင့်ပါသည်။ သွေးတွင်း G6PD လျော့နည်းသည့်ရောဂါခံစားနေရသူများ၊ Warfarin ကဲ့သို့သွေးကြဲဆေးသောက်နေသူများ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါခံစားနေရသူများ။ အပူချိန် (၃၉.၅) ဒီဂရီစင်တီဂရိတ်ထက်များပြီးအဖျားကြီးနေသူများ။ (၂) လအရွယ်အောက်ကလေးများကိုဆေးတိုက်ကျွေးလိုပါကဆရာဝန်နှင့် ဦး စွာတိုင်ပင်ရန်လိုအပ်ပါသည်။

ဆက်စပ် ဆေးဝါးများ

Metformin - မဖော်မင် - မဖော်မင်
ပစ္စည်းရှိ

မဖော်မင်

Metformin

၁၀၀၀ ကျပ်/ ကဒ်

၁၁၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
Biogesic - ဘိုင်အိုဂျက်ဆစ် - ဘိုင်အိုဂျက်ဆစ်
ပစ္စည်းရှိ

ဘိုင်အိုဂျက်ဆစ်

Biogesic

၅၀၀ ကျပ်/ ကဒ်

၅၉၄ ကျပ်

အသေးစိတ် ကြည့်မယ်
Digestine - ဒိုင်ဂျက်စ်တင်း - ဒိုင်ဂျက်စ်တင်း
ပစ္စည်းကုန်

ဒိုင်ဂျက်စ်တင်း

Digestine

၁၂၀၀ ကျပ်/ ကဒ်

၁၃၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
Clibite - ကလိဘိုက် - ကလိဘိုက်
ပစ္စည်းရှိ

ကလိဘိုက်

Clibite

၇၀၀ ကျပ်/ ကဒ်

၈၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
WOODS' PEPPERMINT ANTITUSSIVE Syrup 100ml - ၀ုဒ့်  - ၀ုဒ့် အနီ ချောင်းဆိုးပျောက်ဆေး
ပစ္စည်းရှိ

၀ုဒ့်

WOODS' PEPPERMINT ANTITUSSIVE Syrup 100ml

၄၈၀၀ ကျပ်/ ဘူး

၅၀၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
Sara 120mg Syrup (Strawberry) - ဆာရာ ၁၂၀မီလီ - ဆာရာ ကလေး အရည်
ပစ္စည်းရှိ

ဆာရာ ၁၂၀မီလီ

Sara 120mg Syrup (Strawberry)

၂၄၀၀ ကျပ်/ ဘူး

အသေးစိတ် ကြည့်မယ်