1 / 3

မဖော်မင်

Metformin

ထုတ်လုပ်သည့် ကုမ္ပဏီ

KMD Phamaceuticals

ပမာဏ

ကဒ်

ကျသင့်ငွေ

၁၀၀၀ ကျပ်

ဆေးအကြောင်း အကျဉ်းချုပ်

plus-icon

မဖော်မင်ဆိုတာ သွေးတွင်းသကြားပါဝင်နှုန်းကို ထိန်းညှိဖို့အတွက် သုံးတဲ့ သောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ မဖော်မင်ကို လူကြီးတွေမှာ ဆီးချိုရောဂါ (Type 2) ကို သက်သာစေဖို့အတွက် အစားအစာ၊ လေ့ကျင့်ခန်းတို့နဲ့ တွဲလုပ်ပြီးသောက်သုံးကြပါတယ်။ မဖော်မင်ကို တစ်ခါတစ်ရံ အင်ဆူလင် (သို့) တစ်ခြားဆေးများနဲ့လည်း တွဲသုံးကြပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါ (Type 1) ကို ကုသဖို့ အသုံးမပြုကြပါဘူး။

ကောင်းကျိုးများ

plus-icon

  • အမျိုးသားရော အမျိုးသမီးများမှာပါ မျိုးအောင်မှုကို တိုးတက်စေပါတယ်။
  • ကိုလက်စ်စထရောများကိုလျော့ကျစေပါတယ်။
  • ကိုယ်အလေးချိန်လျှော့ချတာကို အထောက်အကူပေးပါတယ်။
  • ကိုယ်တွင်ဆဲလ်များ အင်ဆူလင်ကို ပိုမိုစုတ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။
  • ဝက်ခြံများကိုလျော့ကျစေပါတယ်။
  • ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
  • နှလုံးရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
  • သွေးတွင်းသကြားဓာတ်များ ထိန်းညှိနိုင်စွမ်းကိုတိုးတက်စေပါတယ်။
  • အသက်ပိုရှည်စေနိုင်ပါတယ်။
  • အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
  • သွေးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

plus-icon

  • ဗိုက်အောင့်၊ ဗိုက်နာခြင်း
  • ချောင်းဆိုးခြင်း
  • အစာစားချင်စိတ်လျော့နည်းခြင်း
  • ဝမ်းလျှောခြင်း
  • အသက်ရှုမြန်ခြင်း
  • အဖျားရှိခြင်း
  • မအီမသာဖြစ်ခြင်း
  • အကျောအခြင်များနာခြင်း
  • ကြွက်သားများနာခြင်း
  • ဆီးအောင့်ခြင်း
  • အိပ်ငိုက်ခြင်း

ဆရာဝန် အကြုံပြုချက်များ

plus-icon

မကြာမှီ တင်ပေးထားပါမယ်ဗျ။

သုံးစွဲနည်း

plus-icon

မဖော်မင်ကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသာသောက်ပါ။ အစာနဲ့ တွဲသောက်ပါ။ (ဆရာဝန်က အစာနဲ့တွဲ မသောက်ဖို့ညွှန်ကြားလျှင် မသောက်ပါနဲ့။)

ဆေးတစ်ကြိမ်လွတ်သွားလျှင် တစ်ကြိမ်စာကျော်လိုက်ပါ။ နှစ်ကြိမ်စာကိုပေါင်းမသောက်ပါနဲ့။

ဓာတ်မတည့်မှု သတိပေးချက်များ

plus-icon

ကျောက်ကပ်ရောဂါများ ကိုယ်တွင်း အက်စစ်ဓာတ်များသောအခြေအနေများ ကိုယ်တွင်း သကြားဓာတ် အလွန်အကြုံများနေသော အခြေအနေများတွင် မဖော်မင်ကို မသောက်သုံးပါနဲ့

အက်စ်ရေး (သို့) စီတီစကန် ရိုက်ဖို့လိုသော အချိန်များတွင် မဖော်မင် သောက်သုံးခြင်းကို ခဏရပ်တန့်ထားရနိုင်ပါတယ်။

အဖြစ်အရမ်းရှားပေမယ့် မဖော်မင်ကို ရေရှည်သောက်သုံးပါက Lactic Acidosis (ခေါ်) ကိုယ်တွင်း လက်တစ်အက်စစ် အလွန်အမင်းများပြားသော အခြေအနေများဖြစ်လာနိုင်ပါတယ်။ ပုံမှန်မဟုတ်သော နာကျင်မှုများ နေမကောင်းမှုများ ခံစားရပါက နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားရောက်ပြီး ဆရာဝန်များရဲ့ ကုသမှုခံယူပါ။

ဆက်စပ် ဆေးဝါးများ

Biogesic - ဘိုင်အိုဂျက်ဆစ် - ဘိုင်အိုဂျက်ဆစ်
ပစ္စည်းရှိ

ဘိုင်အိုဂျက်ဆစ်

Biogesic

၅၀၀ ကျပ်/ ကဒ်

၅၉၄ ကျပ်

အသေးစိတ် ကြည့်မယ်
Digestine - ဒိုင်ဂျက်စ်တင်း - ဒိုင်ဂျက်စ်တင်း
ပစ္စည်းကုန်

ဒိုင်ဂျက်စ်တင်း

Digestine

၁၂၀၀ ကျပ်/ ကဒ်

၁၃၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
Clibite - ကလိဘိုက် - ကလိဘိုက်
ပစ္စည်းရှိ

ကလိဘိုက်

Clibite

၇၀၀ ကျပ်/ ကဒ်

၈၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
WOODS' PEPPERMINT ANTITUSSIVE Syrup 100ml - ၀ုဒ့်  - ၀ုဒ့် အနီ ချောင်းဆိုးပျောက်ဆေး
ပစ္စည်းရှိ

၀ုဒ့်

WOODS' PEPPERMINT ANTITUSSIVE Syrup 100ml

၄၈၀၀ ကျပ်/ ဘူး

၅၀၀၀ ကျပ်

အသေးစိတ် ကြည့်မယ်
 SaRa Tablet - ဆာရာ  - ဆာရာ အ၀◌ိုင်း
ပစ္စည်းရှိ

ဆာရာ

SaRa Tablet

၆၀၀ ကျပ်/ ကဒ်

အသေးစိတ် ကြည့်မယ်
Sara 120mg Syrup (Strawberry) - ဆာရာ ၁၂၀မီလီ - ဆာရာ ကလေး အရည်
ပစ္စည်းရှိ

ဆာရာ ၁၂၀မီလီ

Sara 120mg Syrup (Strawberry)

၂၄၀၀ ကျပ်/ ဘူး

အသေးစိတ် ကြည့်မယ်